WELCOME

Tuesday, November 8, 2011

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့သြဇာ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမား ရွေးချယ်ခံရ


အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်နှင့် လစ်ဗျားအာဏာရှင် ကဒါဖီတို့ သေဆုံးပြီးနောက် အမေရိကန်ခေါင်းဆောင်များ၏ သြဇာတက်လာစဉ် ဖော့ဘ်စ်မဂ္ဂဇင်းက နှစ်စဉ်ပြုလုပ်သည့် ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ်များစာရင်းတွင် အမေရိကန်သမ္မတအိုဘားမားကနံပါတ် (၁)နေရာကိုရရှိခဲ့သည်။ မဂ္ဂဇင်း၏ နှစ်စဉ် အဆင့်သတ်မှတ်ချက်တွင် အိုဘားမားသည် တရုတ်သမ္မတဟူကျင်တောင်ထံမှ ပထမနေရာကိုလွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးအကျပ်ရိုက်နေသောအီးယူအပေါ် ဥရောပ၏ အကြီးဆုံးစီးပွားရေးဂျာမနီကဆက်လက်သြဇာလွှမ်းမိုးလျက်ရှိပြီး ဂျာမနီဝန်ကြီးချုပ် မာကယ်က သြဇာအကြီးဆုံးအမျိုးသမီးအဖြစ် ဆက်လက်ရပ်တည်ကာယခုစာရင်းတွင် နံပါတ် (၄) ပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိသည်။ နောက်တစ်ကြိမ်သမ္မတအဖြစ် အရွေးခံမည့်ရုရှားဝန်ကြီးချုပ်ပူတင်ကဒုတိယနေရာသို့ ရောက်ရှိခဲ့ပြီးတရုတ်တွင်အခြားသူများကိုအာဏာလွှဲပြောင်းပေးရန် စီစဉ်နေသောသမ္မတဟူကျင်တောင်ကတတိယနေရာရခဲ့သည်။
အလုပ်လက်မဲ့နှုန်း မြင့်မားမှု၊ စီးပွားရေးနှေးကွေးမှုတို့ကြောင့် ပြည်တွင်း၌ အိုဘားမားအပေါ်ထောက်ခံမှု ကျဆင်းနေသော်လည်းကမ္ဘာ့ဇာတ်ခုံတွင်မူအရေးပါနေဆဲဖြစ်သည်။ ၉ /၁၁ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သောအယ်လ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကိုခြေရာခံကာအိုဘားမား၏ အမိန့်ဖြင့် စီးနင်းသုတ်သင်နိုင်ခဲ့သည်။ ထို့အပြင် လစ်ဗျားတွင် အာဏာရှင် မွမ်မာကဒါဖီကို ဖြုတ်ချခဲ့သည့် နေတိုး၏လေကြောင်းစစ်ဆင်ရေးတွင်လည်း အမေရိကန်ပါဝင်ခဲ့သည်။
ဘီလ်ဂိတ်၏ လှူဒါန်းသည့် ဖောင်ဒေးရှင်းတစ်ခုကထောက်ပံ့မှုဖြင့် ငှက်ဖျားကာကွယ်ဆေးပြုလုပ်နိုင်ခဲ့ပြီးယင်းဖောင်ဒေးရှင်းကမကြာသေးမီကကုခန်းဆိုင်ရာအဓိကစမ်းသပ်မှုတစ်ခုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည့် အတွက် မိုက်ကရိုဆော့ ပူးတွဲတည်ထောင်သူဘီလ်ဂိတ်ကအဆင့် ၅ နေရာရရှိခဲ့သည်။ ပထမဆုံးကော်ပိုရိတ်အမှုဆောင်တစ်ဦးစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ အမေရိကန်၏ ငွေကြေးမူဝါဒကို ကြီးကြပ်ရသောအမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဘင်ဘာနန်ကီကအဆင့် ၈ ရရှိခဲ့ပြီးလွန်ခဲ့နှစ်ကအဆင့် ၄၀ သာရခဲ့သော လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်ကိုတည်ထောင်သူအသက် ၂၇ နှစ် သာရှိသေးသည့် မတ်ခ်ဇက်ကာဘာ့ဂ်ျ က အဆင့် ၉ ရရှိခဲ့သည်။
''နှစ်ပေါင်း ၆၀ အတွင်းစီအိုင်အေမလုပ်နိုင်တာကိုဇပ်(ဇက်ကာဘာ့ဂ်ျ)က ခုနစ်နှစ်အတွင်းလုပ်ပြခဲ့ပါတယ်။ ဒါကတော့ လူပေါင်းသန်း ၈၀၀ ဘယ်လိုတွေးတယ်။ ဘာကိုဖတ်တယ်။ ဘာကိုနားထောင်သလဲဆိုတာသိခြင်းပါပဲ'' ဟုဖော့ဘ်စ်ကရေးသားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကအဆင့် ၁၀ ဖြစ်သည်။ နံပါတ် ၆ နေရာကိုကမ္ဘာ့ရေနံအများဆုံးထုတ်လုပ်သည့် ဆော်ဒီအာရေဗျနိုင်ငံ၏ဘုရင် အဗ္ဗဒူလာဘင် အဗ္ဗဒူလာဇစ်ကရရှိခဲ့ပြီးပုပ်ရဟန်းမင်းဘင်နီဒစ်(၁၆)က အဆင့် (၇)ရရှိခဲ့သည်။

No comments:

Post a Comment