WELCOME

Tuesday, November 8, 2011

ကလေးငယ်များ ပန်းနာရင်ကြပ် ရောဂါ မဖြစ်စေရန် ကာကွယ် ပေးနိုင်သည့် နည်းလမ်း

ကလေးသူငယ်တွေမှာပန်းနာရင်ကြပ် ရောဂါနဲ့ အခြားဓာတ်မတည့်မှုတွေ မဖြစ်ပွားစေဖို့ အတွက် မိဘတွေ အနေနဲ့ ကလေးတွေရဲ့ ကစားစရာတွေကိုအအေးခံသေတ္တာထဲမှာခေတ္တထားပြီးမှ ပေးကစားသင့်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုကစားစရာတွေကိုအအေးခံခြင်းအားဖြင့် ပန်းနရင်ကြပ် ရောဂါ အပါအ၀င် အခြားဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်စေတဲ.HDMခေါ်ဖုန်ထဲကပိုးမွှားတွေ ကိုသေစေနိုင်ကြောင်းနယူးဇီလန် နိုင်ငံနဲ့ တရုတ်(တိုင်ပေ)မှ ဆေးဘက်ဆိုင်ရာသုတေသီတွေကတွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။

ကလေးငယ်တွေရဲ့ နူးညံ့ ပျော့ပျောင်းတဲ့ အမွှေးပွ ကစားစရာတွေမှာတွေ့ရတဲ့ ပိုးမွှားတွေကိုယူကလစ်ဆီဒါမဟုတ် ဆပ်ပြာမှုန့်နဲ့ လျှော်ဖွတ် ခြင်းဖြင့် လည်းရှင်းလင်းနိုင်တယ်လို့ သုတေသီတွေကပြောကြားထားပါတယ်။ အဲ့ဒီလို HDM ပိုးမွှားတွေဟာကလေးတွေမှာပန်းနာရင်ကြပ် ဝေဒနာ ခံစားရမှုနဲ့ များစွာသက်ဆိုင်နေပြီးအမွှေးပွ အရုပ်တွေနဲ့အတူအိပ်တတ်တဲ့ ကလေးတွေမှာပန်းနာရင်ကျပ် ရောဂါ ဖြစ်နိုင်ချေ ပိုမိုများပြားတာကိုလည်းတွေ့ရှိခဲ့ကြ ပါတယ်။ ဒါ့ကြောင့် သိပ်္ပံ ပညာရှင်တွေဟာအမွှေးပွ အရုပ်တွေမှာရှိတတ်တဲ့ HDM ပိုးမွှားတွေကိုရှင်းလင်းနိုင်ဖို့ နည်းလမ်းသုံးခုကိုစမ်းသပ် လုပ်ဆောင် ခဲ့ရာမှာအပူချိန် အနုတ်(၁၅) ဒီဂရီစင်တီဂရိတ်မှာအချိန်(၁၆)နာရီထားရှိခြင်းနဲ့ ယူကလစ်ဆီ ၊ ဆပ်ပြာတို့ကိုသုံးပြီးလျှော်ဖွတ်ခြင်းတို့က (၉၅)ရာခိုင်နှု န်း ၊ လေပူဖြင့် အခြောက်ခံခြင်းက (၈၉)ရာခိုင်နှုန်း ၊ ပိုးမွှားတွေကိုသေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။

အဲ့ဒီနည်းလမ်း(၃)ခုထဲမှာမှ အအေးခံခြင်းဟာကရိကထနည်းပါးပြီးပိုးမွှားတွေကိုသေစေနိုင်တဲ့ အသင့်တော်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ သိပ်္ပံပညာရှင်တွေဟာအဲ့ဒီနည်းလမ်းတွေနဲ့ ပိုးမွှားတွေ ရှင်းလင်းထားတဲ့ အမွှေးပွ အရုပ်တွေမှာအချိန်ဘယ်လောက် ကြာရင် ပိုးမွှားတွေ ပြန်လည် ကပ်ငြိနိုင်မလဲဆိုတာနဲ့ အရုပ်တွေကိုဘယ်နှစ်ကြိမ်လောက် ပိုးသတ် ပေးဖို့ လိုအပ်မလဲဆိုတာကိုတော့ ဆက်လက် လေ့လာနေကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment