WELCOME

Tuesday, March 6, 2012

လွမ်းမိတယ်...........

သူငယ်ချင်းများ
အားလုံးကို လွမ်းပါတယ်
သတိရနေပါတယ်
ကံမကုန်ကြသေးရင်
ပြန်ဆုံချင်းပါသေးတယ်

Wednesday, January 4, 2012

Windows XP professional SP3 32-bit Black edition 2011.12.22


ဒါလေးကတော့ ကျွန်တော်တို့ 22.12.2011 ကထွက်တဲ့ Window XP ရဲ့ Black Edition လေးဖြစ်ပါတယ်။ XP သုံးနေသူများအတွက်အဆင်ပြေအောင် လည်းတစ်ခုတည်း တင်ပေးလိုက်ပါတယ်။ ကျွန်တော်တင်ရတာလည်း အဆင်ပြေအောင် Ifile.it တစ်နေရာကပဲ တင်ပေးထားပါတယ်။ နောက်ထပ် Window XP SP 3 ရိုးရိုးရဲ့ ၄ လစာ တစ်လခြင်းထွက်တဲ့ အခွေတွေကိုလည်း ကျွန်တော်တစ်ခါတည်း ဒီမှာစုပြီး တင်ပေးလိုက်ပါပြီ။ ဖိုင်ဆိုဒ်တွေကတော့ 600 MB ကျော်ကျော်တွေပဲရှိပါတယ်။ နောက်ကိုလည်း ကျွန်တော် လအလိုက်ထပ်ထွက်လာတဲ့ Window ခွေလေးတွေကို တင်တင်ပေးသွားပါ့မယ်။ အခုလောလောဆယ်တော့ ကျွန်တော်အောက်မှာ လအလိုက် ခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးတွေကနေသာ ယူသွားလိုက်ပါဗျာ။
ပထမဆုံးတစ်ခုဖြစ်တဲ့ အခု Windows XP professional SP3 32-bit Black edition လေးကိုအရင်ယူလိုက်ပါ။

Windows XP professional SP3 32-bit Black edition



ဒါကတော့ Windows XP professional SP3 ပါ။ အဲ့ဒီအတွက် အရင်ဆုံး ဂျုလိုင်လကနေစပြီး တင်ပေးပါ့မယ်။

Window XP Professional SP3 For July


Window XP Professional SP3 For October

Window XP Professional SP3 For September


Window XP Professional SP3 For November


အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Windows 7 ULTIMATE SP1 ALL EDITIONS 32-64 bit




















ကျွန်တော်တခြားနေရာတွေကိုလည်းလိုက်ရှာ မနေရအောင်နဲ့ အားလုံးအဆင်ပြေအောင် တိုက်ရိုက်ထပ်တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ Window 7 SP 1 မှာ တစ်ခွေထဲနဲ့ကို 32/64 အပြင် Windows 7 Starter 32-bit, Windows 7 Home Basic 32/64-bit, Windows 7 Home Premium 32/64-bit,Windows 7 Professional 32/64-bit,Windows 7 Enterprise 32/64-bit ,Windows 7 Ultimate 32/64-bit ဆိုပြီးပါဝင်ပါတယ်။ နောက်ထပ်ကျွန်တော်တို့ classic DVD5 disc နဲ့ Burn ရင် အခွေမှာကိုက်ညီပါတယ်။ အများစု DVD အခွေတွေက မကိုက်ပါဘူး။ သေချာလေးကြည့်ပေးပါ။ ပြီးတော့ Activated Version လေးဖြစ်ပါတယ်။ Serial မလိုပါဘူး။ တစ်ခါတည်း Crack ချိုးပေးသွားပါလိမ့်မယ်။ သူ့ရဲ့ Home Page ကတော့ ဒီလင့်ခ်လေးကနေ သွားကြည့်နိုင်ပါတယ်။ ဖိုင်ဆိုဒ်က 4.22 G ရှိပါတယ်။ လင့်ခ်လေးတွေ မသေခင်လေး ယူပေးထားပါဗျာ။

ကျွန်တော် အဆင်ပြေ အောင် File sonic ကနေပြီးတော့ တိုက်ရိုက်တင်ပေးလိုက်ပါတယ်။ Premium Accounts တွေကိုတော့ ဒီနေရာလေးမှာ ယူလိုက်ပါ။ လိုအပ်တဲ့သူများ အမြန်ယူပေးထားပါဗျာ။

Windows 7 ULTIMATE SP1 ALL EDITIONS 32-64 bit

Downloading from mediafire Part ( 1 )

Downloading from mediafire Part ( 2 )

Downloading from mediafire Part ( 3 )

Downloading from mediafire Part ( 4 )

Downloading from mediafire Part ( 5 )

Downloading from mediafire Part ( 6 )

Downloading from mediafire Part ( 7 )

Downloading from mediafire Part ( 8 )

Downloading from mediafire Part ( 9 )

Downloading from mediafire Part ( 10 )

Downloading from mediafire Part ( 11 )

Downloading from mediafire Part ( 12 )

Downloading from mediafire Part ( 13 )

Downloading from mediafire Part ( 14 )

Downloading from mediafire Part ( 15 )

Downloading from mediafire Part ( 16 )

Downloading from mediafire Part ( 17 )

Downloading from mediafire Part ( 18 )

Downloading from mediafire Part ( 19 )

Downloading from mediafire Part ( 20 )

Downloading from mediafire Part ( 21 )

Downloading from mediafire Part ( 22 )

Downloading from mediafire Part ( 23 )

Password : www.getindianstuff.com

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tuesday, January 3, 2012

လေယဉ်မောင်းလိုင်စင်ရခဲ့တဲ့ လက်မရှိသောမိန်းကလေး




Oxford နဲ့ Cambridge ကနေပြီးသူတို့ရဲ့ အဘိဓါတ်တွေကနေ မဖြစ်နိုင်ဘူးဆိုတဲ့ Can't / Impossible ဆိုတဲ့ ဝေါ ဟာရတွေကို ဖြုတ်ချဖို့ ပြင်ဆင်နေကြပါပြီ ။

Jessica Cox ဟာ အသက် ၂၅ နှစ်ရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီးမွေးကတည်းက လက်တွေမပါရှိခဲ့ပါဘူး ။ Arizona မှ Tucson မြို့မှာနေထိုင်ပြီး ပထမဆုံးခြေထောက်နဲ့မောင်းတဲ့ လေယဉ်မှူးလိုင်စင်လက်မှတ်ကို ထူး ထူးခြားခြား ရရှိခဲ့သူလေးဖြစ်ပါတယ် ။



သူမမှာ လက်တွေမရှိခဲ့ဘူး ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ စကားစုဟာ သူမရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ယုံကြည် ချက်တွေကို မရပ်တန့်စေနိုင်ခဲ့ဘူး ။



သူမဟာ ပထမဆုံးခြေထောက်နဲ့လေယဉ်မောင်းဖို့ကြိုးစားခဲ့တုန်းက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် အဲဒီစကား စုကို သူမကြိုးပမ်းအားထုတ်မှုတွေက ဖယ်ထုတ်ခဲ့တယ် ။




ခြေထောက်တွေနဲ့တင် စတီယာရင်ထိမ်းခြင်း နဲ့ ကျွမ်းကျင်သေသပ်စွာ မောင်းနှင်နိုင်ခြင်းတွေက သူမကို ဒီလက် မှတ်ရရှိစေခဲ့တယ် ။ ပေတစ်သောင်းအထက်ကနေ လေယဉ်နဲပျံသန်းပြခဲ့တဲ့ သူမကို တကမ္ဘာလုံးက အံ့သြမင် သက်ငေးမောခဲ့ရပါတယ် ။

“ သူဟာ တကယ့်ကို ကျွမ်းကျင်တဲ့ပိုင်းလော့တစ်ယောက်ပါ သူ့စိတ်ဓါတ်ဟာ ကျောက်စိုင်တွေလို မာကျောတယ် ” လို့ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ San Manuel's Ray Blair Airport မှ လေယဉ်မောင်းညွှန်ကြားသူ Parrish Traweek က ပြောဆိုခဲ့ပါတယ် ။ Parrish Traweek ဟာ လေယဉ် ထိမ်းသိမ်းရေး နဲ့ ပတ်သတ်ပြီး ပိုင်းလော့ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့သူပါ ။




“ သူကားမောင်းတာ မြင်ပြီးတဲ့အခါ လေယဉ်ကိုပါ ဘာပြဿနာမှ မရှိပဲမောင်းနှင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” လို့ Traweek က ပြောခဲ့တယ် ။









ဆရာဝန်တွေက သူမ ဘာကြောင့်လက်တွေမပါပဲ မွေးလာခဲ့ရတယ်ဆိုတာ မဖြေမထုတ်ပေးနိုင်ခဲ့ပေမယ့် သူမ ကတော့ လက်အတုတပ်ပြီးဘ၀ကို ဖြတ်သန်းဖို့ကို ရဲရဲ ၀ံ့ဝံ့ ငြင်းဆန်ခဲ့တယ် ။




လက်တွေမရှိဘူး ဒါပေမယ့် ဘ၀ကို ကြိုးစားဖြတ်သန်းပြီး မဖြစ်နိုင်ဘူးဆိုတဲ့အရာကို ခြေဖျက်ပြခဲ့တယ် ။ ကျွန်တော် တို့မှာ လက်တွေရောခြေထောက်တွေရော အစုံရှိကြတယ် ဒါပေမယ့်ပါးစပ်ကနေ မဖြစ်နိုင်ဘူးလို့ တစ်ခုခု ကို ပြုလုပ်ဖို့ကြံတိုင်း ညည်းတွားနေလေ့ရှိကြတယ် ။ သူမကို အတုယူလို့ ကျွန်တော်တို့ လောကကြီးထဲ ဖြတ်သန်း ပျံဝဲဖို့ ကြိုးစားကြပါစို့လား ။

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်

ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံ တော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁ သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝ ကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လ မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း ၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင် အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇော် (ပေါ်ပျူလာ ဂျာနယ်)

Monday, January 2, 2012

ကမ္ဘာ့ အမြင့်ဆုံးတိုက်(၂၀)

1. The world’s tallest skyscraper – Burj Khalifa of Dubai

စတင်တည်ဆောက်သည်အချိန် -January 2004

အဆောက်အအုံစတင်ဖွင့် လှစ်သည့် အချိန်-January the 4th, 2010

အမြင့် - 828m

အထပ်- 900

စုစုပေါင်းကုန်ကျသည့်ငွေ-$1.5 billion

2. Chinese wonder – Taipei 101 Tower

စတင်တည်ဆောက်သည်အချိန်- 1999

အဆောက်အအုံစတင်ဖွင့် လှစ်သည်အချိန်-New Year’s Eve 2004

အမြင့် -508 meters

အထပ်-101 floors

စုစုပေါင်းကုန်ကျသည့်ငွေ-$1.80 billion.

3. Shanghai World Financial Center – China’s all purpose structure

စတင်တည်ဆောက်သည်အချိန်- 1997

အဆောက်အအုံပြီးသည့် အချိန်- 2008

အမြင့် -492 meters

အထပ်- 101 floors

စုစုပေါင်းကုန်ကျသည့်ငွေ-$1.20 billion

4. The International Commerce Center of Hong Kong

စတင်တည်ဆောက်သည်အချိန်- 2002

အဆောက်အအုံပြီးသည့် အချိန်- 2010

အမြင့် - 484meters

အထပ်-118 floors

5. Twin magnificence: The Petronas Towers of Kuala Lumpur

စတင်တည်ဆောက်သည်အချိန်- 1992

အဆောက်အအုံပြီးသည့်အချိန်- 1998

အမြင့် -454 meters

အထပ်-88 floors

စုစုပေါင်းကုန်ကျသည့်ငွေ- $1.6 billion

6. Nanjing Greenland Financial Center

စတင်တည်ဆောက်သည်အချိန်- 2005

အဆောက်အအုံပြီးသည့်အချိန်-2010

အမြင့် - 450 meters

အထပ်-89 floors

စုစုပေါင်းကုန်ကျသည့်ငွေ-$1.20 billion

7. Sears Tower: long standing opulence in Chicago USA

စတင်တည်ဆောက်သည်အချိန်- 1970

အဆောက်အအုံပြီးစီးသည့် အချိန်- 1974

အမြင့် - 442 meters

အထပ်-108 floors

8. Guangzhou West Tower – China

စတင်တည်ဆောက်သည်အချိန်- 2005

အဆောက်အအုံစတင်ဖွင့် လှစ်သည့် နေ့ -2010

အမြင့် -438 meters

အထပ်-103 floors + ( 4 )underground floors

9. Trump International Hotel and Tower (Chicago)

စတင်တည်ဆောက်သည်အချိန်- March 17, 2005

အဆောက်အအုံပြီးသည့် အချိန်- 2009

အမြင့် - 423 meters

အထပ်- 98 floors

စုစုပေါင်းကုန်ကျသည့်ငွေ- $847 millions

10. Jin Mao Tower – one of China’s prides in terms of architecture

စတင်တည်ဆောက်သည်အချိန်- 1994

အဆောက်အအုံပြီးသည့် အချိန်-1999

အမြင့် - 421 meters

အထပ်-88 floors

11. Two International Finance Center

စတင်တည်ဆောက်သည်အချိန်- 1997

အဆောက်အအုံပြီးသည့် အချိန်- 2003

အမြင့် - 417 meters

အထပ်-88 floors

12. Kuwait City’s Skyscraper – Al Hamra Tower

စတင်တည်ဆောက်သည်အချိန်- 2005

အဆောက်အအုံပြီးသည့်အချိန်- 2010

အမြင့် - 412 meters

အထပ်- 77 floors

စုစုပေါင်းကုန်ကျသည့်ငွေ-$950 million

13. CITIC Plaza- China

စတင်တည်ဆောက်သည်အချိန်- 1993

အဆောက်အအုံပြီးသည့် အချိန်-1996 ၊ အဆောက်အအုံစတင်ဖွင့် လှစ်သည့် အချိန်-1997

အမြင့် - 391 meters

အထပ်- 80 floors

14. Shun Hing Square- the tallest building of Shenzen, China

စတင်တည်ဆောက်သည်အချိန်- 1993

အဆောက်အအုံပြီးသည့် အချိန်- 1996

အမြင့် - 384 meters

အထပ်- 69 floors

15. Empire State Building – New York’s Skyscraper

စတင်တည်ဆောက်သည်အချိန်- 1929

အဆောက်အအုံပြီးသည့် အချိန်- 1931

အမြင့် -381 meters

အထပ်-102 floors

စုစုပေါင်းကုန်ကျသည့်ငွေ-$40,948,900

16. The twin complex of Dubai – Emirates Park Tower 1 and 2

စတင်တည်ဆောက်သည်အချိန်- 2006

တော်တော်များပြီးမည်ပာုမျှော်လင့်သည့်အချိန်-2011

အမြင့် -370 meters

အထပ်- 70 floors +seven underground

စုစုပေါင်းကုန်ကျသည့်ငွေ-490 million USD

17. Central Plaza Hong Kong

စတင်တည်ဆောက်သည်အချိန်- 1989

အဆောက်အအုံပြီးသည့် အချိန်-1992

အမြင့် -374 meters

အထပ်- 78 floors

18. Bank of China Tower

စတင်တည်ဆောက်သည်အချိန်- 18 April 1985

အဆောက်အအုံပြီးသည့် အချိန်-1990 ၊ စတင်ဖွင့်လှစ်သည့် အချိန်-17 May 1990

အမြင့် - 367 meters

အထပ်- 70 floors

19. Bank of America Tower

စတင်တည်ဆောက်သည်အချိန်- 2004

အဆောက်အအုံပြီးသည့် အချိန်-2009

အမြင့် -366 meters

အထပ်- 54 floors

စုစုပေါင်းကုန်ကျသည့်ငွေ-$1 billion

20. Almas Tower – Dubai

စတင်တည်ဆောက်သည်အချိန်- 2005

အဆောက်အအုံပြီးသည့် အချိန်-2009

အမြင့် - 363 meters

အထပ်- 363 meters + 5 underground

Saturday, December 31, 2011

ဂီတပွဲတော်........



အမေစု တက်ရောက်ခဲ့သော ဂီတဖျော်ဖြေပွဲလေးပါ။

Tuesday, December 27, 2011

music





Drag and drop me
Drag and drop me
Drag and drop me ကျေးဇူးတင်ပါတယ်..........။