WELCOME

Wednesday, November 16, 2011

ဘင်္ဂလားအော်ကိုဖြတ်။ ရိုးတောင်ကိုကျော်လျှက် မြန်မာတပြည်လုံး ၀ါးမြိုရန်ကြိုးမမ်းနေကြသည့် ရခိုင်တုများ Banner

Banner

ကျမတောင်းပန်ပါတယ်ရှင်။ ကျမရန်ကုန်မြို့ တောင်ဥကလာပက မိကောင်းဖခင်သားသမီးပါ၊ မယုံယင် ကျမတို့မိသားစု ဓါတ်ပုံကို ကြည့်ပါ၊ ကျမအခုဒကရောက်လာလို့ ပိုက်ဆံတပြားမှမပါတဲ့ အတွက် မော်တော်စီးခမပေးနိုင်တာကို ခွင့်လွှတ်ပါရှင်”

ဘူးသီးတောင်က စစ်တွေအသွား မော်တော်ပေါ်မှာ မော်တော်စီးခ ကောက်ခံနေသူကို ငိုယိုတောင်းပန်နေတဲ့ ရုပ်ရည်သနားကမားနဲ့ ဗမာအမျိုးသမီးလေးတဦးရဲ့အဖြစ်ကို လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော် ပတ်ဝန်းကျင်က ကိုယ်တိုင်မြင်ခဲ့ရပါတယ်။

နံဘေးမှခရီးသွား ရခိုင်အဘွားကြီးတဦးက “သမီးဘယ်လိုဖြစ်လာလို့လဲ၊”လို့မေးတော့ သူ့အဖြေက “လူတယောက်နဲ့ရန်ကုန်မှာ ချစ်ကြိုက်ကြပြီး လိုက်ပြေးခဲ့ပါတယ်၊ သူက သူ့ရဲ့ဇာတိဖြစ်တဲ့ ရခိုင်ပြည်ကို ခဏသွားနေကြမယ်၊ ပြီးတော့မှ ရန်ကုန်ကို ပြန်လာနေ ကြမယ်လို့ပြောတော့ မိဘဆွေမျိုးတွေကိုရှောင်တိမ်းလိုတဲ့ ကျမကလည်း အလွယ်တကူလက်ခံပြီးလိုက်လာပါတယ်။ သူနဲ့စပြီးချစ်ကြိုက်တုန်းက သူ့ကိုယ်သူရခိုင်လူမျိုးလို့ပြောထားပါတယ်၊ ကျမကလည်း အယုံလွယ်ခဲ့ပါတယ်၊ ဒါပေမယ့် ရခိုင်မြေကို စပြီးနင်းလိုက်တဲ့အခါမှာတော့ သူဟာကုလားလူမျိုးသာဖြစ်ကြောင်း သိလိုက်ရပါတယ်၊ ကိုယ်ဝန်ရှိနေပြီးဖြစ်တဲ့ ကျမအဖို့ကော ဘာတတ်နိုင်တော့မှာလဲ၊ မထူးတော့ဘူးလို့ဖြေသိမ့်ပြီး သူ့မိဘတွေနေတဲ့ ဘူးသီးတောင်မြို့အထိ့ လိုက်လာပါတယ်၊ ဘူးသီးတောင်ကိုရောက်တော့ မြို့အစွန်အဖျားက ကုလားရပ်ကွက်က သက်ကယ်မိုးတဲသာသာ အိမ်ကိုဝင်လိုက်တဲ့အခါ သူ့မိသားစုတွေ တပုံကြီးဆီးကြိုကြပါတယ်၊ နောက်မှသိရတာက သူ့ရဲ့အရင်မိန်းမနဲ့ကလေးတွေလို့သိရပါတယ်၊ ကျမကိုယ့်ကိုကိုယ် သတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ဘူး။ ရန်ကုန်ကိုပြန်ပို့ပေးဖို့ သူ့ကိုအကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ်။

သူက “ရန်ကုန်ကို ပြန်ဖြစ်အောင်ပြန်မှာပါ၊ အဲဒီမှာ ငါ့လုပ်ငန်းတွေ ကောင်းနေတာကိုလည်း နင်သိတာပဲ။


ဒီမှာဘာလို့အငတ်ခံနေမှာလဲ။ ပြန်ဖို့ကိစအတွက်ကို နေ့တိုင်းငါကြိုးစားနေတာ နင်အသိပဲ။ မှတ်ပုံ တင်လုပ်လို့ရတာနဲ့ချက်ချင်း ရန်ကုန်ကိုပြန်ကြမယ်၊ အခုမှတ်ပုံတင် ဌာနမှာ ရခိုင်အရာရှိ ရှိနေတုန်းမို့လို့အခက်အခဲရှိနေတာပါ၊ မကြာ ခင်မှာ ဗမာအရာရှိပြောင်းလာဖို့ကြားထားတယ်၊ သူရောက်လာလို့ ကတော့ ပိုက်ဆီဒီနေ့ပေးရင် မနက်ဖြန်မှာ မှတ်ပုံတင်ရမှာပဲ၊ ခုရှိ နေတဲ့မှတ်ပုံတင်အရာရှိက မျိုးချစ်စိတ်ပြင်းထန်တယ်၊ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်းကနေ ၀င်ရောက်လာတဲ့ ငါတိုဏ္ဍဘင်္ဂါလီ လူမျိုးတွေကို မြန်မာပြည်မှာ တရားဝင်နေထိုင်ခွင့်လုံးဝမပေးချင်ဘူး၊ ဒါကြောင့်ပိုက်ဆံပုံပေးတာတောင် မှတ်ပုံတင် လုပ်မပေးဘူးဖြစ်နေတယ်၊ အရင်တခေါက် ရန်ကုန်ကိုသွားတုန်းက သူများမှတ်ပုံတင်ကို ငှားရမ်းပြီး သွားခဲ့တာ။ သူကအတင်းပြန်တောင်းနေတာရယ်။ မှတ်ပုံတင်လုပ်ရတာ အရမ်း လွယ်ကူနေတယ်ကြားတာတွေရယ်ကြောင့်ပဲ အခုလိုပြန်လာတာ။ ကံဆိုးချင်တော့ ရခိုင်အရာရှိပြောင်းလာတာနဲ့ တိုက်ဆိုင်သွားတာ ပါ” လို့ပြောပြီး ကျမကို အကြိမ်ကြိမ်ဖျောင်းဖျခဲ့ပါတယ်။

ဒီလိုနဲ့စောင့်နေလိုက်တာ ကလေးတယောက်သာ မွေးပြီးသွား တယ်၊ ရန်ကုန်ကိုပြန်ပို့မပေးဘူး။ ကျမကိုမြို့ထဲတောင်သွားလာ ခွင့်မပေးဘူး၊ သက်ကယ်မိုးနိမ့်နိမ့် နွားချေးနံရံနဲ့ မြေကြီးကို နွားချေးနဲ့ သမံတလင်း လိုလုပ်ထားပြီး မှောင်မဲနေတဲ့အိမ်မှာ သူတို့ရဲ့ကိုယ်နံ့နဲ့ မုန်ညင်းဆီ နံ့တွေကလည်း လှိုင်လို့။ ထမင်း ကိုအတင်းမျိုချ စားသောက်နေ ရတဲ့ဘ၀ငရဲကို လုံးဝမခံနိုင် တော့တာနဲ့ ကလေးကိုပါပစ်ပြီး အခုလို ထွက်ပြေးလာရတာပါ၊

ခရီးသည်အမျိုးသမီးကြီးတဦးက “နင်ကရန်ကုန်သူ ဖြစ်ရက်သားနဲ့ ကိုယ်ယူမယ့်လူဟာ ရခိုင်လား။ ကုလားလား ခွဲခြား မသိရအောင် ‘အ’ ‘န’ နေရလား၊၊ အနီးရှိနေတဲ့ အမျိုးသမီးတွေဟာ ဒီကောင် မလေးအကြောင်းကို စိတ်ဝင်တစားနဲ့ ပြောနေကြတာ တွေ့ရတော့ ကျနော်လည်းဆက်ပြီး နားစွင့်နေခဲ့မိတယ်၊ ငါတို့ ဒီခရီးကို အစုန်အဆန်သွားလာနေကြတာ ဒီအဖြစ်မျိုးတွေ လည်း တွေ့ရပေါင်းများလှပြီ။ ကုလားတွေက သူတို့ကိုယ်သူတို့ ရခိုင်လို့ ညာပြောလိုက်ရုံနဲ့ ယုံကြတဲ့ ဗမာမလေးတွေကို ငါဖြင့် အံ့သြလို့မဆုံးဘူး” ဆိုတဲ့ အပြစ်တင်သံတချို့ ကိုလည်း ကြားနေရပါတယ်၊

ဒီခလေးမလေးက ကံကောင်းသေးတယ်။ တချို့ဗမာမလေး တွေဆိုရင် စစ်တကောင်းမြို့မှာ ပြည်တန်ဆာအဖြစ် ရောင်းစားခံကြရတယ်တဲ့၊ ထူးထူးခြားခြား မြန်မာမိန်းကလေးဆိုပြီး ဈေးကောင်းရတယ်ဆိုပဲ၊ ပေါက်တဲ့နဖူးမထူးတော့ပါဘူးလို့ ဇာတ်မြုပ်နေကြတဲ့ ဗမာမလေး တချို့ကို မောင်တောမြို့နယ်ကရွာတချို့မှာ ငါကိုယ်တိုင်တွေ့ဖူးတယ်။ ဒါတွေဟာ ကုလားတွေက တချက်ခုတ်လေးချက်ပြတ်လုပ်တဲ့ စီမံကိန်းကြီးပဲ။ ဒါတွေကိုပြောရင် ဒါတွေကိုပြောရင် အများကြီးပါ၊ ဥပမာ- ဗမာမလေးကိုယူပြီး ကောင်မလေးရဲ့မိသားစုဆွေမျိုးအသိုင်းအ၀ိုင်း ကတဆင့် တရားဝင်မှတ်ပုံတင်ရအောင် ကြိုးပမ်းကြမယ်၊ ပြီးရင် သူတို့ဘာသာထဲကို အတင်းဝင်ခိုင်းမယ်။ နောက်တဆင့်က သူတို့ရဲ့ စီးပွားရေးချဲ့ထွင်ဖို့အတွက် ဗမာမိန်းမရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းကို ကျားကန်ဒေါက်တိုင်အဖြစ် အသုံးချမယ်။ ပိုပြီးထူးခြားတာက ဗမာ (သို့မဟုတ်) တခြားမြန်မာတိုင်းရင်းသား မိန်းခလေးကို ရယူနိုင်တဲ့ ကုလားတယောက်ဟာ သူတို့ကို ကျောထောက်နောက်ခံပေးနေတဲ့ အဖွဲ့အစည်းတွေဆီက ဆုလဒ်တွေရတယ် လို့ကားဖူးတယ်”၊ အသံ ဗလံတွေကတော့ အစုံပါ၊

ဒီလိုအဖြစ်မျိုးကို နောက်ထပ်တကြိမ်ထပ်တွေ့ရတာကတော့ ၁၉၇၇ လောက်မှာပါ၊ ရခိုင်ရိုးမကိုကျော်ပြေးနေတဲ့ တောင်ကုတ်-ပန်း တောင်းကားပေါ်မှာ ဖြစ်တယ်၊
“ရခိုင်လူမျိုးဆိုတာ ကိုယ့်တိုင်းရင်းသားဖြစ်ရုံမက ဗုဒ္ဓဘာသာ အချင်းချင်းဆိုပြီး သူပြောတာယုံခဲ့မိလို့ လိုက်ပြေးခဲတယ်။ ဒီကို ရောက်မှ ကုလားဖြစ်နေရုံမက ကျမကိုသူတို့ဘာသာထဲ ၀င်ရမယ် ဆိုလို့ ခုလိုထွက်ပြေးလာခဲ့တာပါ” ဒါကတော့ တောင်ငူမြို့သူ ကရင်မလေးတယောက်ရဲ့ ရင်ဖွင့်သံကို နားနဲ့ဆတ်ဆတ်ကြားခဲ့ရတာ ဖြစ်တယ်၊ ဘာကြောင့် ဒီလိုဖြစ်ပျက်နေကြတာလဲ ---။

အဖြေကိုတော့ ကျနော် ရန်ကုန်ကို ၁၉၇၇ လောက်မှာ စရောက်လာမှ နဖူးတွေ့ဒူးတွေ့ ကြုံရပါတော့တယ်၊ မဂိုလမ်းက ထမင်းဆိုင်တဆိုင်မှာ ထမင်းစားနေတုန်း စားပွဲထိုး ဗမာလေးက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ဟန်ရှိသူကို လှမ်းနောက်သံကြား လိုက်ရတယ်၊ “ဟေ့ကောင် ရခိုင်၊ ရန်ကုန်ကိုရောက်တာ ဘယ်လောက်မှ မကြာ သေးဘူး ကျော်ဟိန်းစတိုင်လုပ်နေတယ်။ မင်းအလုပ် ကောင်းကောင်း မလုပ်ရင် ရခိုင်ပြည်ကိုပြန်ပို့ရလိမ့်မယ်”၊ အနောက်ခံရတဲ့သူက “ရခိုင်ပြည်ကိုတော့ ပြန်မပို့ပါနဲ့ဗျာ ငရဲပြည်ကိုပို့ရင်ပို့ပါ” တဲ့၊ ဘယ်လိုရခိုင်ပါလိမ့်လို့ စိတ်ဝင်တစားနဲ့လှည့်ကြည့်လိုက်တော့ ကုလားလေးတယောက်ဖြစ်နေတာပါဘဲ၊ ဒါနဲ့ကျနော်က “မင်းဘယ်ဇာတိလဲ၊” လို့ရခိုင်လိုလှမ်းမေးလိုက်တဲ့အခါ သူဘာမှနားလည်ပုံမရဘူး၊ “ငါရခိုင်ပဲ။ မင်းဘယ်မြို့ကလဲ၊”လို့ ဗမာလိုမေးလိုက်မှ “ဘင်္ဂလားဒေ့ရှ်ကပါ” ဆိုပြီး လွှတ်ကနဲပြောမိခါမှ မျက်စိမျက်နှာပျက်ကာ ထမင်းချက်ခန်းထဲ ကမန်းကတမ်း ရှောင်သွားပါတယ်၊ အော် --- ပင်လယ်ပတ်လို့ဝင်လာတဲ့ ဘင်္ဂလီ ကုလားတွေတောင်မှ ရခိုင်အတုတွေအဖြစ် တွင်ကျယ်နေပါလား။

ရခိုင်ပြည်မှာ ရခိုင်စကားဟာ ကြားခံစကားကြီးဖြစ်ပါတယ်၊ ရခိုင်မျိုး နွယ်စုအချင်းချင်းဖြစ်တဲ့ - ရခိုင်နဲ့ ချင်း၊ မြို၊ ခမီး၊ မရာမာ၊ သက် (ကျာကမား)၊ ဒိုင်းနက်စတဲ့မျိုးနွယ်စုတွေ။ ရခိုင်မှာရောက်နေတဲ့ ဘင်္ဂလီတွေ (သူတို့ကိုယ်သူတို့ ယခုမှနာမည်အသစ်နဲ့ ရိုဟင်ဂျာ လို့ ဆိုသူတွေ) နဲ့ဆက်ဆံပြောဆိုရာမှာလည်း ရခိုင်စကားကိုပဲ ကြားခံ သုံးကြပါတယ်၊ ကုလားလေးတွေက ကုလားမလေးတွေနဲ့စာရင် (သူတို့ရဲ့တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေအရ) ရခိုင်စကားကို ပိုမိုကျွမ်းကျင်တဲ့သဘော ရှိပါတယ်၊ ဒါပေမယ့် အခုတွေ့ရတဲ့ စားပွဲ ထိုးကုလားလေးကတော့ ရခိုင်စကားကိုနားမလည်တဲ့အပြင် ရခိုင်ပြည်က မြို့၊ ရွာတခုခုရဲ့နာမည်ကိုတောင် လိမ်လည်ပြီး မပြောနိုင်တာထောက်ရင် သူပြောသလို ဘင်္ဂလားဒေ့ရှ်က တိုက်ရိုက်ခိုးဝင်လာ သူတွေထဲက တယောက်ဆိုတာအသေအချာပါ၊

အများသိကြတဲ့ အတိုင်းပဲ အဲဒီကာလတွေမှာ ပုသိမ်ဘက်က ဆန်မှောင်ခိုစက်လှေတွေဟာ ဘင်္ဂလားဒေ့ရှ်ကိုသွားပြီး အပြန်မှာ ဘေထုတ်တွေ၊ မှောင် ခိုပစည်းမျိုးစုံကို စက်လှေကုန်ပေါက်ထဲမှာထည့်။ ကုန်းပတ်ပေါ်မှာ တော့ ဘင်္ဂလီကုလားတွေကို အခကြေးငွေယူပြီး တင်ဆောင်လာ ကြတယ်။ ဒီဘင်္ဂလီတွေဟာ ရခိုင်မြေကိုတောင် မနင်းဖူးတဲ့ “ရခိုင်အတု”တွေအဖြစ် မြန်မာပြည်အနှံ့ တွင်ကျယ်နေကြတာတော့ ဆန်းပါ့၊

၁၉၇၈ လောက်က ရှမ်းပြည်။ ရပ်စောက်မြို့ကို အလည်ရောက် ခဲ့တုန်းက အတွေ့အကြုံကို ဖေါက်သယ်ချပါရစေ၊ “ရခိုင်တွေ ကျနော်တို့မြို့နားမှာ ရွာတည်ပြီးနေထိုင်ကြတယ်” ဆိုပြီး တည်းခိုတဲ့အိမ်က ကောင်လေးကပြောပါတယ်၊ ကျနော်စိတ်လှုပ်ရှားသွားတယ်၊ ဒါနဲ့ ချက်ချင်းလိုက်ပို့ခိုင်းတော့ “ဟိုမှာတွေ့လား ဘုလုံးကြီးနဲ့မြင်နေရတာ။ အဲဒါရခိုင်ဘုရားကျောင်းလေ” တဲ့၊ ခပ်လှမ်းလှမ်းကမြင်ရတဲ့ အဆောက်အဦးဟာ ဗလီတလုံးပါ၊ ဒါမျိုးအဖြစ်ကို ၁၉၈၅ ၀န်းကျင် လောက်မှာ တခါထပ်ကြုံရပြန်ပါပြီ၊ က၀မြို့နယ်က အဘိုးကြီးတဦးနဲ့ဆုံတော့ သူတို့ရွာနားကရွာလည်း ရခိုင်ရွာဖြစ်တယ်။ သူတို့ဘုရား ကျောင်းနဲ့သူတို့ကိုးကွယ်ကြတယ်လို့ဆိုတော့ ချက်ချင်းပဲ “ဘုလုံးကြီး နဲဏ္ဍဘုရားကျောင်းမဟုတ်လား၊” လို့တခါတည်းတန်းမေးလိုက်တယ်၊
ဒီအကြောင်းအရာတွေကို တိုင်းရင်းသားပြည်သူ တရပ်လုံး အနေနဲ့ အရှိကိုအရှိအတိုင်းသိဖို့ မဖြစ်မနေလိုအပ်နေပါတယ်၊ ဒါကြောင့်လည်း စာရေးသားထုတ်ဝေဖို့ဆန္ဒ မြန်မာပြည်မှာနေခဲ့စဉ် က တည်းကဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ပြည်တွင်းမှာက အကန့်အသတ် တွေများတော့ ဆန္ဒမပြည့်ဝခဲ့။ ဒီနေ့အချိန်မှာ မြန်မာအမျိုးကောင်း သားသမီးတွေဘယ်နှစ်ယောက်ထိ အမျိုးပျက်။ ဘာသာပျက်။ ယဉ်ကျေးမှုပျက်။ ဘ၀ပျက်ရတဲ့အခြေအနေ ရောက်သွားပြီလဲလို့ ခန့်မှန်းကြည့်တိုင်း ရင်လေးမိပါတယ်။

ဘွဲ့ရပညာတတ်ဆိုသူတွေတောင် ရခိုင်လူမျိုးအကြောင်းကို ကောင်း ကောင်းမသိတာက ပိုဆိုးနေပါတယ်၊ ရန်ကုန်မြို့လယ်က ဘွဲ့ရကွန်ဖူး ဆရာတယောက်ပြောတာ “မင်းတို့ရခိုင်က ထားဝယ်နဲ့ နီးနီးလေး ပဲလား” တဲ့၊ ကျနော် တအံ့တသြဖြစ်မိတယ်၊

ဒါနဲ့ ဂျပန်ရောက်ပြီး ၁၉၉၆ က ချီးဘားခရိုင်မှာ အလုပ်လုပ်နေတုန်း အတူတူအလုပ်လုပ်နေတဲ့ ဗမာတယောက်က “ရခိုင်ဆိုတာ တောင်ပေါ်သားပဲ မဟုတ်လား၊” လို့အမေးခံရတဲ့အခါ ပိုပြီးအံ့သြသွားပါတယ်၊ သူလည်း ပညာတတ် (Msc.) တယောက်ပါ။ ဗဟုသုတ ခေါင်းပါးသူလည်းမဟုတ်၊ နိုင်ငံတကာထုတ် အင်္ဂလိပ်စာအုပ်တွေကို မျက်နှာနဲ့မခွာတမ်းဖတ်။ ကျောင်းသားဘ၀တုန်းကလည်း ကွန်မြူနစ်ဖြစ်ခဲ့ပြီး လူထုဦးလှရဲ့သား စိုးဝင်းနဲ့အတူတူ တောခိုဖို့တောင် ကြံစည်ဖူးသူလို့သိရပါတယ်၊ အရင်းကျမ်းကို ထုံးလိုချေ ရေလိုနှောက် ဖတ်ရှုလေ့လာခဲ့သူဖြစ်ပြီး နိုင်ငံတကာ ဘဟုသုတအထူးပြည့်စုံသူပင် ဖြစ်ပေမယ့် ရခိုင်လူမျိုးအကြောင်းတော့ ဘာမှမသိပါ၊

ရန်ကုန်တကသိုလ်မှာ ကျူတာလုပ်ခဲ့ဖူးတဲ့ ပညာတတ်ကြီးဗမာတဦးကလည်း “ဂျပန်ပြည်မှာ ရခိုင်အသင်းစည်စည်းလုံးလုံး ရှိနေတာ။ သူတို့ကလူနည်းစုတိုင်းရင်းသားလေးတွေ ဖြစ်နေလို့ပါ” လို့ဆိုပြန်တယ်၊ ဒီကြားထဲ ကျနော်တို့ရခိုင်အများစု အလုပ်လုပ်နေတဲ့နေရာကို ရောက်လာတဲ့ရန်ကုန်သားတဦးက “ရန်ကုန်မှာ သိကွှမ်းခင်မင်တဲ့ ရခိုင်တွေများကြီးရှိတယ်။ သူတို့က၀က်သားမစားဘူး။ အစလာမ် ဘာသာကို ကိုးကွယ်တယ်။ အကိုတို့က ဘယ်လိုရခိုင်တွေလဲ၊” ကျနော်တို့ရခိုင်တစု ဘုရားတမိအောင် အံ့သြသွားကြပါတယ်၊ ကုလားကရခိုင်ဖြစ်သွားပြီး။ ရခိုင်ကကုလားဖြစ်သွားတဲ့ အခြေအနေထိ ကျရောက်နေပြီလား၊ လို့တဆက်တည်း တုန်လှုပ်မိကြပါတယ်၊ ဒါတွေဟာ ဗမာပြည်မှာ ဟိုးဘိုးစဉ်ဘောင်ဆက်ကတည်းက ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်းအကြား သမိုင်းအမှောင်ချမှုရဲ့ရလာဒ်ပဲဖြစ်တယ်၊

ဒီအတွေ့အကြုံကြောင့်ဘဲ ၁၉၈၁ ခုနှစ်လောက်က မိတ္တီလာမြို့ ထမင်း ဆိုင်တဆိုင်မှာ ရခိုင်လူမျိုးဆိုတာ ကြားသာကြားဖူး မမြင်ဖူးလို့ပါ ဆိုပြီး ကျနော်တို့သူငယ်ချင်းတစုကို လာကြည့်တဲ့ဗမာ အဘွားကြီး နှစ်ဦးရဲ့ အဖြစ်ကိုပင် မအံ့သြနိုင်တော့ပါ၊ သူတို့မေးခဲ့တာက “မင်းတို့တွေ ဗမာပြည်ကိုရောက်နေတော့ ပုဆိုးနဲ့။ အင်္ကျီနဲ့၊ ရခိုင်ပြည်မှာကျတော လံကွတ်တီနဲ့ နေကြလား” တဲ့၊
ဒီလို ရခိုင်အပါအ၀င် ပြည်ထောင်စုအမျိုးသားတွေရဲ့ ဘာသာစကား။ ယဉ်ကျေးမှု။ သမိုင်း၊ စာပေတို့ အမှောင်ဖုံးခံနေရခြင်းကပင် ကုလားကရခိုင်တုလုပ်ပြီး မြန်မာနိုင်ငံကိုဝါးမြိုဖို့ အခွင့်အရေးကြီး တခုဖြစ်နေပါတယ်၊ ရခိုင်အကြောင်းကို သေချာဂဃဂနမသိကြတဲ့ ကျန်တဲ့တိုင်းရင်းသားတွေဟာ ရခိုင်လို့နာမည်ခံထားတဲ့ ရခိုင်တုတွေရဲ့လုပ်ရပ်ကြောင့် အမျိုးပျောက်။ နိုင်ငံပျောက်ဖြစ်လာနိုင်တယ်။
ပြည်ထဲမှာ ဘင်္ဂလီခေါ်တောကုလားတွေက ရခိုင်ဆိုပြီးတွင်ကျယ်နေသလို၊ ပြည်ပမှာလည်း “ရိုဟင်ဂျာလူမျိုး” နာမည်လိမ် ဆိုင်းဘုတ်ကိုတင်ပြီး တွင်ကျယ်နေကြတာတွေ့ရတော့ ဒါတွေကို အမှန်အတိုင်း ရှင်းလင်းတင်ပြဖို့ဟာ ရခိုင်အမျိုးသား အားလုံရဲ့ ပခုံးပေါ်ကျရောက်လာနေတဲ့ သမိုင်းပေးတာဝန်ကြီးတခု ဖြစ်လာပါတယ်၊ ဒီတာဝန်ကို ရခိုင်အမျိုးသားတွေက ထမ်းဆောင်နေခြင်းဟာ ရခိုင်ပြည်နဲ့ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားသာမက တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အကျိုးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

ရခိုင်အကြောင်းကို ရှင်းလင်းပြောရမယ်ဆိုရင် ဒီနေ့မြန်မာနိုင်ငံထဲက “ရခိုင်ပြည်နယ်” ဧရိယာဆိုပြီး ဘောင်ခတ်ကန့်သတ် ထားတဲ့ နယ်မြေကျဉ်းကျဉ်းကျပ်ကျပ်လေး အကြောင်းကို ဖေါ်ပြပေးရုံနဲ့မလုံလောက်ပါ။

ရှေးခေတ်ရခိုင်ဘုရင့်နိုင်ငံတော်ကြီးဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံနယ်နမိတ်အတွင်းမှာ တည်ရှိခဲ့ပါတယ်၊ ဒါကြောင့်ပဲ ဒီသုံးနိုင်ငံစလုံးမှာ ရခိုင်နဲ့ရခိုင်မျိုးနွယ်စုများအားလုံး ယနေ့ထိ့နေ ထိုင်လျှက်ရှိပါတယ်၊ ဒီရခိုင်မျိုးနွယ်စုတွေ အားလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုပါ ဖေါ်ပြမှသာ ရခိုင်အကြောင်းကို ပြည့်ပြည့် စုံစုံ သိရှိနိုင်ပါလိမ့်မယ်။

ဥပမာ ၁၆၆၆ ခုနှစ်အထိ ရခိုင်ဘုရင့်နိုင်ငံတော် နယ်မြေတခုအဖြစ်ရှိနေခဲ့တဲ့ လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဒေသမှာ ၁၇၈၂ ခု နှစ်ထိ့ ဘင်္ဂလီကုလားဦးရေ ၃ရာခိုင်နှုန်းသာရှိသေးကြောင်း အင်္ဂလိပ်တို့ ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို စာရှုသူတွေ တွေ့မြင်သိရှိရရင် ဒီနေ့ဘင်္ဂလီခေါ်တောကုလားတွေက သူတို့ကိုယ်သူတို့ လွန်ခဲ့တဲ့ နှစ်တထောင်လောက်ကပင် ရခိုင်ပြည်မှာနေထိုင်လာကြတဲ့ ရိုဟင်ဂျာ လူမျိုးများဖြစ်တယ်လို့ လိမ်လည်နေတာနဲ့၊ ဒီ ဘင်္ဂလီခေါ်တောကုလားတွေ လူဦးရေအသားစီးရမှုလက်နက်နဲ့ မကြာခင်မြန်မာ တနိုင်ငံလုံးဝါးမြိုလာနိုင်တယ်ဆိုတဲ့ အန္တရာယ်ကိုလည်း မြင်သာထင်သာ ရှိလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊

ခိုင်ထူး (ဂျပန်နိုင်ငံ)
၁။ ၈။ ၂၀၀၄
ဂျပန်နိုင်ငံရောက် ရခိုင်အမျိုးသားများထုတ်ဝေသည့် “ဘင်္ဂလားအော် လှိုင်းသံနှင့် ဖတ်စရာမှတ်စရာများ (အမှတ်-၁)” မှ တဆင့်ကူးယူ ဖေါ်ပြသည်။

No comments:

Post a Comment