WELCOME

Friday, December 2, 2011

Antivirus ဆော့ဖ်ဝဲဖြုတ်မရတဲ့ ပြဿနာ ဖြေရှင်းနည်း

ကွန်ပျူတာမှာ ဗိုင်းရပ်စ်တိုက်ခိုက်မှုရန်က ကာကွယ်နိုင်အောင် Antivirus ဆော့ဖ်ဝဲ တွေကို ထည့်သွင်းအသုံးပြုကြပါတယ်။ ဒီလိုအသုံးပြုရင်းက နောက်ပေါ်ထွက်လာ တဲ့ Version အသစ်ကိုတင်ချင်လို့ပဲဖြစ်ဖြစ်၊ တခြား Antivirus တစ်ခုခုကို ပြောင်းသုံးချင်လို့ဘဲဖြစ်ဖြစ် သွင်းထားတဲ့ Antivirus ကို ပြန်ဖြုတ်တဲ့အခါ ဖြုတ်မရ ဘဲ ပြဿနာတက်တတ်ပါတယ်။

ဒီလိုပြန်ဖြုတ်လို့မရတာဟာ Antivirus ဆော့ဖ်ဝဲအမျိုးအစား အပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့ Antivirus ဆောဖ့်ဝဲတွေက ကွန်ပျူတာမှာ ဗိုင်းရပ်စ်ကို တွေ့ထားပြီး မဖယ်ရှားနိုင်လို့ စက်ထဲမှာ ခွဲခြားပြီး သိမ်းထား ပါတယ်။

ဒါကို Quarantine လုပ်ထားတယ်လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် ကူးစက်ရောဂါဖြစ်နေတဲ့ လူတစ်ဦးကို သီးခြားခွဲထားတဲ့ သဘောဖြစ်ပါတယ်။

အခုလို Quarantine ဖြစ်နေတာတွေရှိရင် အလွယ်တကူဆော့ဖ်ဝဲကို ပြန်ဖြုတ်လို့ မရဖြစ်ပါတယ်။

နောက်တစ်ခုက self scanning လုပ်နေတဲ့ အချိန်၊ီ Definition တွေ online အလိုအလျောက် Update လုပ်နေတဲ့ အချိန်မှာလည်း Windows မှာပါတဲ့ Add/Remove ဆော့ဖ်ဝဲ င်္ Feature ကို အသုံးပြုပြီး ပြန်ဖြုတ်ထုတ် လို့မရ ဖြစ်ရပါတယ်။

Norton Antivirus ဆော့ဖ်ဝဲမှာ အဓိက Main ပရိုဂရမ်ကို ဖြုတ်ထုတ် ထားပေမယ့် Norton Live update ကျန်နေခဲ့ရင်လည်း Complete မဖြစ်ပါဘူး။

တချို့ Antivirus တွေမှာ Windows ရဲ့ စနစ်အတွင်းပိုင်းမှာ ခိုအောင်းပြီး ၀င်လာမယ့် ဗိုင်းရပ်စ် တွေကို စောင့်ကြည့်နေတဲ့အတွက် Uninstall လုပ်မရဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေ ဖြေရှင်း နိုင်ဖို့အတွက် Uninstaller Tools တွေကို မဖြစ်မနေ အသုံးပြုရပါတယ်။

Perfect Uninstaller Tools ဟာ အသုံးဝင်ပြီး ကောင်းမွန်မြန်ဆန်ပါတယ်။

အင်တာနက်လိပ်စာ http://www.perfectuninstaller.net/ မှာ ရယူ နိုင်ပါတယ်။ အသုံးပြုနည်းက အရမ်း လွယ်ကူပါတယ်။ Tools ကှိုညျအေူ Install လုပ်ပြီးဖွင့်လိုက်ရင် ပုံမှာပြထားတဲ့ အတိုင်း တွေ့ရမှာဖြစ်ပါတယ်။

ကိုယ် Uninstall လုပ်ချင်တဲ့ ဆော့ဖ်ဝဲကို ရွေးချယ်ပြီး အောက်နားမှာရှိတဲ့ Uninstall ခလုတ်ကိုနှိပ်လိုက်ပါ။ ဖြုတ် ချင်တဲ့ ဆော့ဖ်ဝဲကို အပိုင်းသုံးပိုင်း ကန့်သတ်ပြီး အပြီးသတ်လုပ်ပေးသွား မှာဖြစ်ပါတယ်။

Licence Key အပြည့်အစုံကို http://www.4shared.com/file/HGAZn3TQ/perfect_uninstaller_63339_-_fu.htm မှာ ရယူနိုင်ပါတယ်။

No comments:

Post a Comment