ပြိုင်ပွဲတွင် အမှတ်အများဆုံး ၁၅ မှတ်ပေးထားရာ ပေါ်ဆန်းဆန်သည် ၁၄ မှတ်ရရှိပြီး ထိုင်းနိုင်ငံ၏နာမည်ကြီး Jasmine Rice ထက် သုည ဒသမ ၂၅ အမှတ်သာလွန်ကာ ပထမဆု ဆွတ်ခူးရရှိခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းမှ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦး၊ အသင်းဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆန်ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာ့ဆန်ဈေးကွက် တိုးမြှင့်ရရှိနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးမူဝါဒများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ၊ ခေတ်မီဆန်စက်ကြီးများနှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်သော စိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ Vietnam Food Authority အပါအ၀င် ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။
http://www.thettantvillage.com မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment