ထိုင်ဝမ် အခြေစိုက် ကွန်ပျူတာထုပ်လုပ်သူ Acer Inc မှ Iconia Touchbook ဟုအမည်ရသော ပုံမှန် မော်နီတာအတွက် touch မျက်နှာပြင် တစ်ခုအပြင် ပုံမှန် ကီးဘုတ်နေရာတွင်ပါ ကီးဘုတ်အဖြစ် အသုံးပြုနိုင်သလို touch မျက်နှာပြင် အဖြစ်လည်း အသုံးပြုနိုင်သည့် touchscreen နောက်တစ်ခု ပါဝင်သော dual-touchscreen laptop ထုတ်လုပ်လိုက်ကြောင်း သိရသည်။
Acer Iconia Touchbook တွင် ပုံရိပ်ဖော်နိုင်စွမ်း 1366 x 768 pixels ရှိ dual LED-backlit touchscreen displays ပါဝင်ပြီး မျက်နှာပြင် ကြံ့ခိုင်မှု့ အတွက် Gorilla Glass ကိုသုံးပြုထားသည်။ Core i5 (480M/560M/580M) porcessor ကိုသုံးထားပြီး Intel HD graphics နှင့် မှတ်ဥာဏ် ပမာဏ 4GB ပါဝင်ကာ အချက်အလက်များ သိမ်းဆည်းရန် သိုလှောင်မှု့ပမာဏမှာ 640GB အထိမြှင့်တင်နိုင်ကြောင်း သိရသည်။
ထို Touchbook တွင် 1.3 megapixel webcam ပါဝင်ပြီး ကွန်ရက်ချိတ်ဆက်မှု့ အတွက် Gigabit Ethernet LAN နှင့် ကြိုးမဲ့ချိတ်ဆက်မှု့ အတွက် 802.11 b/g/n Wi-Fi နှင့် Bluetooth 3.0 တို့ပါဝင်သည်။ ထို့အပြင် ပြင်ပ မီဒီယာ ပစ္စည်းများနှင့် ချိတ်ဆက်နိုင်ရန် မြန်နှုန်းမြင့် HDMI port နှင့် USB 3.0 တို့လည်း ပါဝင်ကြောင်း သိရသည်။
Operating System အတွက် မိုက်ခရိုဆော့၏ Widow 7 Home Premium 64bit ထည့်သွင်းထားပြီး touch မျက်နှာပြင် များအတွက် အထူးလုပ်ဆောင်ချက်များ ဖြစ်သော Ring Contorl Inerface , AppCards shortcuts , a virtual keyboard , a touch-based browser စသည့် လုပ်ဆောင်ချက်များလည်း ပါဝင်ကြောင်း သိရသည် ။
Acer Iconia Touchbook အမည်ဖြင့် ထုတ်လုပ်လိုက်သော ထို laptop ကွန်ပျူတာကို April လနောက်ပိုင်းတွင် ဖြန့်ချီမည်ဖြစ်ပြီး ဈေးနှုန်းမှာ အမေရိကန် ဒ်ါလာ ၁၁၉၉.၉၉ ဒေါ်လာဖြင့် ယူအက်စ် နှင့် ကနေဒါနိုင်ငံများသို့ စတင်ရောင်းချမည် ဖြစ်ကြောင်းသိရသည်။
Source : http://patheincity.com/news/index.php/2011/04/touchbook-dual-touchscreen-laptop/#ixzz1esz3AwvH
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News
No comments:
Post a Comment