WELCOME

Friday, October 14, 2011

ရှင်းရှင်းလေးဖြစ်အောင်

အဲဒါအတွက် Desktop Wallpaper အရွယ် (1280 x 800 pix) New File တစ်ခုဖွင့်လိုက်မယ်။ Background Color ကို ခင်ဗျားတို့ကြိုက်မယ့် မိတ်ကပ်ရောင် ခပ်ပြေပြေလေး (#EDDBB0) ထည့်လိုက်မယ်။

ပြီးရင် (3 x 3 pix) New File တစ်ခုနဲ့ Diagonal Scan Line Pattern တစ်ခုကို ဖန်တီးမယ်၊ Layer အသစ်တစ်ခုထပ်ခေါ်ပြီး Fill လုပ်လိုက်မယ်။ ဒါမှ ခေတ်ဆန်တဲ့ အသွင်သဏ္ဍာန်မျိုးကို ရမှာ...။ (မှတ်ချက်။ Horizontal Scan Line Pattern ဖန်တီးခြင်းအား Special Effect ထဲမှ Tutorial သင်ခန်းစာ (၁၀) တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။)
ပြီးရင် အရောင်တွေ စုံသွားအောင် နောက်ထပ် New Layer တစ်ခုခေါ်ပြီး သက်တန့်ရောင် Transparent Rainbow နဲ့ Gradient Fill လုပ်လိုက်မယ်။
ပြီးရင် Filter > Blur > Gaussian Blur နဲ့ ၀ါးပစ်မယ်။ Pixel Size က အများဆုံးဖြစ်တဲ့ 250 pix ဖြစ်တယ်။ အဲဒါပြီးတော့ အဲဒီ Layer မှာပဲ Layer Mask တစ်ခုခေါ်ပြီး Soft Rounded Brush နဲ့ မိတ်ကပ်ရောင်လေးပြန်ပေါ်လာအောင် ခပ်ပြေပြေလေး ဖျက်ပစ်ပါမယ်။ ပြီးရင်တော့ ဒီအတိုင်း တွေ့မှာပေါ့ဗျာ။
ပြီးရင် စောစောက ဓာတ်ပုံလေးကို Copy ကူးပြီး ထည့်လိုက်မယ်။ ဒီမှာ အရေးအကြီးဆုံး လုပ်ရမှာက စောစောက လုပ်ထားတဲ့ Layer တွေ (Background Layer အပါအ၀င်) အားလုံးကို ခဏပိတ်ထားပြီး အဲဒီ လူပုံရှိတဲ့ Layer ကိုပဲ ဖွင့်ထားရပါမယ်။

ပြီးရင်တော့ Channel Tab ထဲကို သွားပြီး Red, Green, Blue Channel သုံးခုထဲက အတောက်ပ၊ အဖြူစင်ဆုံး Channel ကိုရွေးမယ်။ ဒီပုံမှာတော့ အနီရောင် Red Channel ဖြစ်တယ်။ ပြီးလျှင် အဲဒီ Channel ကို Right Click နဲ့ထောက်ပြီး Duplicate Channel လုပ်လိုက်မယ်။
ပြီးသွားရင် Soft Rounded Brush တစ်ခုနဲ့ အဖြူရောင် (#FFFFFF) ကိုရွေးပြီး ပုံရဲ့ အနောက်က Background ကို အဖြူရောင်ခြယ်ပစ်လိုက်မယ်။ ပြီးလျှင်တော့ ဒီလိုမြင်ရမယ်ဗျာ။
အဲဒါပြီးသွားရင် အဲဒီ Channel ကို (Ctrl + Left Click) နဲ့ထောက်ပြီး Select လုပ်မယ်၊ ပြီးရင် Shift + Ctrl + I (သို့) Select > Inverse နဲ့ Selection ကို ပြောင်းပြန်လုပ်မယ်။ ပြီးရင် Layer Tab ကိုပြန်သွား၊ New Layer တစ်ခုခေါ်ပြီး ခပ်ရင့်ရင့် မီးခိုးရောင် (#494949) နဲ့ Fill လုပ်လိုက်မယ်။ ပြီးတဲ့အခါ စောစောက ပိတ်ထားတဲ့ Layer တွေအကုန်ပြန်ဖွင့်ပါမယ်။ မူရင်း လူပုံပါတဲ့ Layer တစ်ခုသာ ပိတ်ထားပါမယ်။
ဒါဆိုရင် ပုံအတိုင်းတွေ့ရမှာဖြစ်တယ်။
`ကဲ... ရပြီဗျို့...´
`ဟင့်အင်း၊ မကြိုက်သေးဘူး၊ ဒီထက်နည်းနည်းလေး ခပ်ရှုပ်ရှုပ်ဖြစ်အောင် စာသားလေး ဘာလေး ထည့်ပေးပါလား။
`ဟုတ်ပြီဗျာ...၊ အဲဒီတော့ ပုံကို နည်းနည်းရွှေ့ပြီး နောက်ထပ် Layer အသစ်တစ်ခုခေါ်၊ ပြီးတော့ ခပ်ရှုပ်ရှုပ်ဖြစ်စေမယ့် လိုင်းတွေ ဆွဲလိုက်မယ်၊ ဆွဲပြီးရင် သိပ်မထင်အောင် Soft Rounded Eraser Tool နဲ့ ပြန်ဖျက်လိုက်မယ်...´
နောက်ထပ် Layer တစ်ခုထပ်ခေါ်ပြီး Photoshop မှာ ပါပြီးသား ညောင်ရွက်ပုံ Brush နဲ့ Paint လုပ်မယ်ဗျာ။ ပြီးရင် လိုတဲ့ စာတန်းလေး တစ်ခုနှစ်ခု ထပ်ထည့်မယ်။ ဒါဆိုရင်တော့...

No comments:

Post a Comment